မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ အနိမ့်ပျံဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်


ဇန်နဝါရီ ၃၀

မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောမှ အနိမ့်ပျံဒုံးကျည်  စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ကြောင်း KCNA သတင်းဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် ဖော်ပြထားသည်။

အဆိုပါဒုံးကျည်သည် နှစ်နာရီခန့်ပျံသန်းပြီးနောက် သတ်မှတ်ထားသည့်ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်သွားကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့စမ်းသပ်မှုသည် ပတ်ဝန်းကျင်နိုင်ငံများ၏ လုံခြုံရေးအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိကြောင်းနှင့် ထိုစမ်းသပ်မှု ရလဒ်နှင့်ပတ်သက်၍ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်က စိတ်ကျေနပ်မှု ရှိသည်ဟုပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်ပြင်အတွင်းသို့ အနိမ့်ပျံဒုံးကျည် အများအပြားကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားပြည်တွင်း သတင်းဌာနတစ်ခုက ဇန်နဝါရီလ၂၇ ရက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုစမ်းသပ်မှုလုပ်သော အနိမ့်ပျံဒုံးကျည်သည် Pulhwasal-3-31 ဖြစ်ကြောင်းနှင့် ထိုဒုံးကျည်သည် ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးကြောင်းနှင့် မဟာဗျူဟာမြောက် အမျိုးအစားအသစ် အနိမ့်ပျံ ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ထားသည်ဟု သိရသည်။

#PAN