ညောင်ဦးမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်၍ လက်တွေ့သရုပ်ပြ


ဇန်နဝါရီ ၂၉

ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ထိ ညောင်ဦးမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဇေယျဝတီရပ် မြို့နယ်အုပ်ချုပ်ရေးရုံးဝင်းအတွင်းရှိ အနော်ရထာခန်းမတွင် ညောင်ဦးမြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မြန်မာအီလက်ထရော့နစ်မဲပေးစက်နှင့်စပ်လျဥ်၍ လက်တွေ့သရုပ်ပြပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်မျိုးစန်း၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေ၊ ဦးသိန်းအောင်၊ ခရိုင်လဝကမှူး ဦးသန်းထွဋ်အောင်နှင့် ဝန်ထမ်းများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ညောင်ဦးမြို့ခရိုင် ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွန်မှူး ဦးနေမျိုးဝင်းနှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဦးဆန်းထွန်းဦးနှင့် ဝန်ထမ်းများမှ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင် ဥက္ကဋ္ဌ မမြသန္တာဦးနှင့် မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ဌေးတို့ပါ ပါတီဝင်များ တိုင်းရင်းသာစည်းလုံးညီညွတ်ရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးသန်းရှိန်ပါ ပါတီဝင်များ၊ ပညာရေးဝန်ထမ်း ဆရာ/မများ၊ ရပ်ကျေး အုပ် ချုပ်ရေးမှူးများနှင့် စာရေးများစုစုပေါင်း ၃၇၈ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဥ်အရ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ လက် ထောက်ညွန်ကြားရေးမှူး ဦးအောင်မျိုးစန်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရော့နစ်မဲပေးစက်နှင့် စပ်လျဥ် ၍ ရှင်းလင်းဆွေနွေးကာ တက်ရောက် လာသူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်အား အသုံးပြု၍ လက်တွေ့သရုပ်ပြဆန္ဒမဲ ပေးခြင်းအားကြည့်ရှုလေ့လာကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

PAN