ဇန်နဝါရီ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပခဲ့သည်။
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အဘိဓမ္မကောဝိဒ၊ တိပိဋကဓရ တိပိဋကကောဝိဒ (ပိဋကသုံးပုံ ရေးဖြေအောင်- ၁ ပါး)၊ ဒီဃနိကာယ ကောဝိဒ(ပိဋကနှစ်ပုံရေးဖြေအောင်-၃ ပါး)၊ ဝိနယကောဝိဒ (ပိဋကတစ်ပုံရေးဖြေအောင်-၅ ပါး)၊ ဥဘတောဝိဘင်္ဂကောဝိဒ (ဝိနည်းပထမပိုင်း ရေးဖြေအောင်-၇ ပါး)၊ မူလအာဘိဓမ္မိက(အဘိဓမ္မာ ပထမပိုင်း အာဂုံအောင်-၅ ပါး)၊ ဒီဃဘာဏက(ပိဋကနှစ်ပုံ အာဂုံ အောင်- ၉ ပါး)၊ ဝိနယဓရ(ပိဋကတစ်ပုံ အာဂုံအောင်-၃၁ ပါး)၊ ဥဘ တောဝိဘင်္ဂဓရ(ဝိနည်းပထမပိုင်း အာဂုံအောင်-၅၁ ပါး)၊ စုစုပေါင်း ၁၁၂ ပါး အောင်မြင်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
#PAN