မွန်မှ တရုတ်ကို ကွမ်းသီးတင်ပို့ရောင်းချနေ

ဇန်နဝါရီ   ၂၈

မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်နှင့်ကရင်ပြည်နယ်၊ တနသင်္ာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်၌ ကွမ်းသီးများကို ယိုးဒယားမျိုး(ကွမ်းသီး အဝိုင်း)နှင့်ဒေသမျိုး(ကွမ်းသီးအချွန်)နှစ်မျိုးအား ဒေသအတွင်း အများအပြား စိုက်ပျိုး ကြ၍ ထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိသလို ပြည်တွင်းတွင်လည်းတင်ပို့ရောင်းချသည်။

ကွမ်းသီးပင်များသည် ဒေသနှင့်ကိုက်ညီသော အပင်တစ်မျိုးဖြစ်သည့် အတွက် နှစ်ရှည်သီးနှံပင်ဥယျာဉ်ခြံမြေ၊ ရော်ဘာခြံမြေများ၏ကြားတွင် အလွယ်တကူ ရော၍ ကြားညှပ်စိုက်ပျိုးရသဖြင့်  စိုက်ပျိုးစရိတ်နည်းပါးပြီး မြေဧရိယာအကျယ်အ ဝန်းမယူသော အပင်မျိုးဖြစ်သောကြောင့် ပုံမှန်ဝင်ငွေရရှိနိုင်ပြီး မြေကွက်လပ် နေရာမကျန် စိုက်ပျိုးပါက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကာ တောင်သူများအတွက် ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းများ  အထောက်အကူပြုမည်ဖြစ်သည်။

ကွမ်းသီးများထွက်ရှိပါက ခူးပြီးအခြောက်လှန်းကာ ကွမ်းသီးထုတ်လုပ်သူ များအသင်းမှ ပြည်နယ်အစိုးရ၏ ထောက်ခံချက်၊ မြို့နယ်အထွက်နှုန်း ထောက်ခံချက် များယူ၍ ပွဲရုံများမှ အဆင့်ဆင့်လက်ခံရယူကာ ပြင်ပနိုင်ငံသို့ တင်ပို့လျက်ရှိကြကာ ကွမ်းသီး တစ်ပိဿာလျှင် ဒေသပေါက်စျေး ငွေကျပ် ၆၀၀၀ ဝန်းကျင်ရရှိကြောင်း သိရသည်။

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးကဏ္ဍကို အလေးထားကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ  တောင်သူများအနေဖြင့်လည်း သီးနှံပင်များကို အသက်မွေးဝမ်းကျောင်းတစ်ပိုင်တစ်နိုင် စိုက်ပျိုး ရာမှစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရန် အခွင့်အလမ်းကောင်းများ များစွာရရှိကြောင်း သိရသည်။

#PAN