မြင်းခြံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးစစ်ကြောင်းအား အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်

ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်စစ်ကြောင်းအဖွဲ့သည် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာမှ နယ်မြေရှင်းလင်း​ရေး ဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လုံခြုံရေးအဖွဲ့သည် မြင်းခြံမြို့နယ်၊ ရသာကျေးရွာသို့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်ရောက်ရှိ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်လျက်ရှိစဉ် မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် အကြမ်း ဖက်အဖွဲ့က ရသာကျေးရွာ၏မြောက်ဘက် ခန့်မှန်းအမြင့် မီတာ ၆၀၀ ခန့်မှ Fix wind အမျိုးအစား လက်လုပ် Drone တစ်စီးဖြင့် Drop Bomb ၁ လုံးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ Drop Bomb ချ တိုက်ခိုက်မှုကြောင့် လုံခြုံရေးစစ်ကြောင်းမှ စစ်သည်တစ်ဦးတွင် ဦးခေါင်းရှပ်ထိဒဏ်ရာ ၂ ချက်၊ ဝဲလက်ခုံ ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သည်အား မိတ္ထီလာ စစ်ဆေးရုံ(ကုတင်-၅၀၀)သို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

PAN