မလေးရှားနိုင်ငံတွင် အဖမ်းခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လွတ်လာ

ဇန်နဝါရီ ၂၅

        မလေးရှားနိုင်ငံတွင် အဖမ်းခံထားရသူများထဲမှ အေမီဈာန်အပါအဝင် ၃ ဦးကို ဇန္နဝါရီ ၂၃ ရက်နေ့က ပြန်လွတ်ပေးခဲ့ကြောင်း အမှုကို လိုက် ပါဆောင်ရွက်နေသော အသိုင်းအဝန်ထံမှ သိရပါသည်။

      “အေမီဈာန်နဲ့ အတူ သုံးယောက်တော့ပြန်လွတ်လာပြီ ၊ ဖူးပွင့်ခိုင်ကိုတော့ ဆက်ပြီး ချုပ် ထားတုံးပဲ။ သူက ဆေးလဲကျထားတော့ တခြား အမှု ရှိသေးလားတော့ မပြောတက်ဘူး။ အေမီဈာန်ကတော့ ကျန်းမာရေးလဲ ကောင်းပါတယ်။ တည်တည်ငြိမ်ငြိမ်ပါပဲ ၊ကွာလာလမ်ပူကို ပြန်ပို့လိုက်ပြီလို့ သိရတယ်” ဟု အဆိုပါ အသိုင်းအဝန်မှ အမည်မဖော်လိုသူ တစ်ဦးက ပြောပါသည်။

      မလေးရှားနိုင်ငံအတွင်း အော်ပရာဇီ အဖမ်းအစီးများကြမ်းနေချိန်တွင် ရှိုးပွဲများပြုလုပ်ရန် စီစဉ် ခဲ့ခြင်းကြောင့် အခုလို အဖမ်းရတာဟု မလေးရှားရောက် မြန်မာများ၏ လူမှုကွန်ယက်စာမျက်နှာများတွင် မှတ် ချက်ပေး ဝေဖန်မှုများရှိနေပါသည်။

       အေမီဈာနှင့် ဖူးပွင့်ခိုင်တို့၏ ရှိုးပွဲများ မလေးရှားနိုင်ငံမြို့ကြီးများမှာ  ဖျော်ဖြည်ဖို့ ကြော်ငြာခဲ့တာဖြစ်ပြီး ဘာတာဝပ်မြို့ ဖျော်ဖြေပွဲတွင် အဖမ်းခံခဲ့ရတာ ဖြစ်သည်ဟု ဒေသခံ မြန်မာသတင်းအရင်းမြစ်များထံမှ သိရပါသည်။

#PAN