ညောင်ဦးမြို့နယ်၊လက်ထုပ်ကျေးရွာ၌ အမျိုး သားတစ်ဦးကို လူသတ်အကြမ်း ဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်

ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊လက်ထုပ်ကျေးရွာ၌ ယနေ့နံနက်၆နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက်၆နာရီ အချိန်ခန့်တွင် သေဆုံးသူ ဦးသက်နိူင်၊အသက် ၄၆နှစ်၊(ဘ)ဦးတောက်ထိန်၏ ဇနီးဖြစ်သူ မမိုးဆွေ၊၄၇နှစ်၊(ဘ)ဦးကျော်မြင့်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဥ် အမည်မသိ၊အမျိုးသား ၃ဦး၊ဆိုင်ကယ် ၁စီးဖြင့်ရောက်ရှိလာကာ နေအိမ်တံခါးကို ခြေထောက်ဖြင့်ကန်ဖွင့်၍ မမိုးဆွေအား မျက်စိမှိတ်ထား မကြည့်နဲ့ဟု ပြောဆိုခဲ့ပြီး ရွာထဲရှိ နာရေးအိမ်မှ ပြန်လာသည့် ဦးသက်နိုင်အား သေနတ်ဖြင့် ၆ချက်ပစ်ခတ်ခဲ့ကြောင်း၊ထိုသို့ သေနတ်ဖြင့်ပစ်ခတ်၍ လဲကျသွားသည့် ဦးသက်နိူင်အား နေအိမ်ရှိ ထင်းခွဲသည့် ပုဆိန်ဖြင့် ဦးခေါင်းအား ထပ်မံထုခုတ်ခဲ့ကြောင်း၊၎င်းနောက် နေအိမ်အတွင်းရှိ နံပါတ်မပါ အနက်ရောင် KENBO ဆိုင်ကယ် ၁စီး၊ဖုန်းနံပါတ် ၀၉-၄၅၉၆၁၆၅၉၉၊၀၉-၆၅၀၆၅၀၂၇၄ ဆင်းကတ်ပါ ဖုန်း(အမျိုးအစားစီစစ်ဆဲ)တို့အား ယူဆောင်ကာ မာလာချောင်းဘက်သို့ ထွက်ပြေးသွားကြောင်း မမိုးဆွေ၏ ပြောပြချက်အရ သိရှိရသည်။

အခင်းဖြစ်နေရာအနီးမှ. 380 Auto Thai Army စာတမ်းပါ ကျည်ခွံ ၁ခု၊WIN LUGER စာတမ်းပါ ကျည်ခွံ ၃ခု၊USA. 380 စာတမ်းပါ ကျည်ခွံ ၁ခု၊အရိုး၊အသွား ၂ပေ ၇လက်မခန့်ရှိ ထင်းခွဲသည့် ပုဆိန် ၁လက်တို့အား တွေ့ရှိပြီး သေဆုံးသူ ဦးသက်နိူင်သည် ရပ်မိ/ရပ်ဖတစ်ဦးဖြစ်ပြီး ကျေးရွာ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်သူတစ်ဦးဖြစ်ကာ ကျေးရွာမီးလင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မီတာခများ ကောက်ခံပေးနေသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

#PAN