ဂါဇာမှ လက်ကျန် ဓားစာခံများကို လွှတ်ပေးရန် IDF နှင့် သဘောတူညီချက်အရ ဟားမတ်စ်က “လမ်းဖွင့်”ထား

ဇန်နဝါရီ ၂၅

       ဂါဇာရှိ ဟားမတ်စ်အဖွဲ့က ကျန်ရှိသော ဓားစာခံ ၁၃ဝ ကို လွှတ်ပေးရေး ပါဝင်မည့် ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လမ်းဖွင့်ပေးထား သည်ဟု အီဂျစ်သတင်းရင်းမြစ်များကို ကိုးကား၍ Wall Street Journal မှ ဇန်နဝါရီ ၂၃ ရက်၊ အင်္ဂါနေ့ နှောင်းပိုင်းတွင် ဖော် ပြခဲ့သည်။ ကိုင်ရိုရှိ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အကြမ်းဖက်အဖွဲ့သည် ဂါဇာကမ်းမြှောင်သို့ ခေါ်ဆောင်သွားသော အမျိုးသမီးစစ် သည်များ မပါ၊ ကျန်ရှိနေသည့် အမျိုးသမီးနှင့် ကလေးအားလုံးကို ပြန်လွှတ်ပေးရေး သဘောတူညီချက်ကို “ပွင့်လင်းမြင်သာစွာ” ထုတ်ဖော်ခဲ့ပြီး အမျိုး သမီးများနှင့် ကလေးများကို အာရုံစိုက်သည့် ယခင် ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်တွင် ဓားစာခံ ၁၀၅ ဦးကို လွတ်မြောက်စေခဲ့သည်ဟု ဆို သည်။

      ဂါဇာတွင် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးတပ်မတော် IDF တပ်ဖွဲ့များ ဆုတ်ခွာရေးတို့ သဘောတူညီမှသာ လက်ကျန်ဓားစာခံများကို လွှတ် ပေးမည်ဟု ဟားမတ်စ်၏ သဘောထားထုတ်ပြန်ထား ခဲ့ရာမှ သဘောတူညီချက်ကို ဆွေးနွေးရန် ဆန္ဒရှိသည်ဟု အလေးပေးပြောကြားလာခဲ့ရာ ဟားမတ်စ်တို့၏မူဝါဒ အပြောင်းအလဲကို ညွှန်ပြနေကြောင်း။ အစ္စရေးအစိုးရမှ အဆိုပြုထား သည့် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ဟားမတ်စ်၏ ငြင်း ပယ်မှုအား ကာတာနှင့် အီဂျစ် ကြားဝင်ဖျန်ဖြေသူများအနေဖြင့်အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ဇန်နဝါရီ ၂၃ ရက် အင်္ဂါနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။

       Wall Street Journal ၏ အဆိုအရ အစ္စရေးသတင်းရင်းမြစ်များက ပြောကြားသည့် ဆွေးနွေးမှုများ အကောင်အထည်ဖော်မှုအပေါ် သံသယ ရှိနေဆဲဖြစ်ကြောင်း၊ “သို့သော် ဖြစ်နိုင်ချေရှိသော သဘောတူညီချက်အတွက် လမ်းညွှန်ချက်များကို ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိနေသည်။”ဟု သိရှိရသည်။

       အစ္စရေးနှင့် ဟားမတ်စ်တို့သည် တစ်လကြာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီခဲ့ကြသည်ဟု ရိုက်တာသတင်းတွင် ယမန်နေ့၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဖော်ပြထားကာ တစ်လကြာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း အစ္စရေးဓားစာခံများ လဲလှယ်ပေးရေး အစီအစဉ်ကို အစ္စရေးနှင့် ဟားမတ်စ်တို့က “ကျယ်ပြန့်စွာ သဘော တူသည်” ဟု ဆက်ဖော်ပြထားသည်။

      သို့သော် ဂါဇာစစ်ပွဲကို အပြီးတိုင် အဆုံးသတ် အောင် မည်သို့ဆောင်ရွက်ရမည်နည်းနှင့် ပတ်သက်၍ နှစ်ဖက် ကွဲလွဲမှုများဖြင့် မူဘောင်အစီအစဉ်ကို ချမှတ်နိုင်ရေး ရှိနေကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကာတာ၊ ဝါရှင်တန်နှင့် အီဂျစ်တို့ ဦး ဆောင်သော ခဲယဉ်းသည့် ဖျန် ဖြေရေး ကြိုးပမ်းမှုများတွင် အစ္စရေး ဓားစာခံများကို အမျိုးအစားများ ခွဲခြား ၍ အရပ်သားများမှ စတင်ကာ စစ်သည်များနှင့် အဆုံး သတ် လွှတ်ပေးရန် အဆင့်လိုက် ချဉ်းကပ်မှုအပေါ် အာရုံစိုက်ခဲ့ပြီး ရန်လိုတိုက်ခိုက်မှုများမှ ရပ်နားရန်၊ ပါလက် စတိုင်း အကျဉ်းသားများ လွှတ်ပေးရန်နှင့် ဂါဇာသို့ အကူအညီများ ပိုမိုပေးအပ်နိုင်ပါရှိကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။

#PAN