မြင်းခြံ-မြို့သာ-နဘူးအိုင်သွား ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့အား အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၂၄

        မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊သက္ကယ်ကျင်း ကျေးရွာအဝင်၊မြို့သာ-နဘူးအိုင်-မြင်းခြံသွားကားလမ်းမတွင် ငါန်းဇွန်မြို့နယ်၊မင်းနေကုန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ဦးအား ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက်(စိစစ်ဆဲ)အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

      အခင်းဖြစ်ရာနေရာသို့ လုံခြုံရေး ပူးပေါင်းအဖွဲ့မှ လိုက်လံရှင်းလင်းခဲ့ရာ မြို့သာ-နဘူးအိုင်-မြင်းခြံသွားကား လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အမည်စိစစ်ဆဲ အသက် ၅၀နှစ်ခန့်ရှိ အမျိုး သား တစ်ဦးတို့ကို သေဆုံးလျှက်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ စိုးရိမ်ရ ဒဏ် ရာများဖြင့် တွေ့ရပြီး မြို့သာ-နဘူးအိုင်-မြင်းခြံသွား ကားလမ်းမ၏ မြောက်ဘက် (၁)မိုင်ခန့်အကွာနေရာတွင် နောက်ထပ် ရဲ တပ်ဖွဲ့ဝင် တစ်ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရသည်ဟု သိရသည်။

     ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသည်  မြင်းခြံမြို့နယ်၊နဘူးအိုင်ကျေးရွာသို့ ဆိုင်ကယ် ၁ စီးဖြင့်(လက်နက်မဲ့) စျေးဝယ်ရန် သွားရောက်ခဲ့ရာ မွန်းလွဲ ၁နာရီ အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊သက္ကယ်ကျင်းကျေးရွာ၊မြင်းခြံ-မြို့သာသွားကားလမ်းပေါ်သို့ အရောက်တွင် အကြမ်း ဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

     အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသူ အမည် (စိစစ်ဆဲ)အရပ်သား ၁ ဦးမှာ ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ချိန်တွင် ၎င်းနေရာအနီးတွင် ရှိနေသည့် အတွက် နှုတ်ပိတ်ရန် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#PAN