ပုလဲမြို့တွင် အကြမ်းဖက် PDF များ၏ Drone ယာဉ် ၁ စီးအား သိမ်းဆည်းရရှိ


ဇန်ဝါရီလ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ ပုလဲမြို့အတွင်းသို့ အကြမ်းဖက်လုပ်ငန်းစဥ်များ ဆောင်ရွက်နေ‌သော အကြမ်းဖက် PDF အဖွဲ့များကို လုံခြုံရေးဆောင်ရွက်နေသောစစ်ကြောင်းအဖွဲ့များက မြေပြင်သတင်းရယူကာ လိုက်လန်ချေမှုန်းရှင်းလင်းနေကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် ယမန်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်း နားခိုနေရာသို့ အကြမ်းဖက်အဖွဲ့များ၏ ဒရုန်း ၁ စီးသည်တပ်ဖွဲ့ဝင်များရှိရာသို့ ဦးတည်ပျံသန်းလာသောကြောင့် ၎င်းFix Wind Drone
ဒရုန်းယာဉ်ကို Drone Gun ဖြင့် ဆွဲချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ပုလဲမြို့နယ်အခြေစိုက် အကြမ်းဖက်PDFအဖွဲ့များသည် နယ်မြေရှင်းလင်းရေးတပ်မတော်စစ်ကြောင်းလာလျှင် ပြေးရှောင်သွားကြကြောင်း ၊စစ်ကြောင်းပြန်သွားရင် ပြန်ရောက်လာကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews