တောင်သာမြို့နယ်၊တမိုက်သာကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို အကြမ်းဖက်သမား ၂ဦးမှ နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်

ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တမိုက်သာကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး နေအိမ်၌ မိသားစုနှင့်အတူရှိနေစဥ် ယမန်နေ့ ညနေ ၆နာရီ၄၀မိနစ်အချိန်ခန့်က အကြမ်းဖက်သမား ၂ဦး၊ဆိုင်ကယ် ၁စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့​​​​​​ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဦးစန်းလွင်၊၅၅နှစ်၊(ဘ)ဦးသိန်းသည် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဥ်ဖြစ်ပွားသည့် ၊တမိုက်သာကျေးရွာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဖိုးအေးနေအိမ်သို့ အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးဖိုးအေး၏ဇနီး ဒေါ်ဇာခြည်လင်း သေနတ်ထိမှန်ဒဏ်ရာရရှိပြီး ဦးဖိုးအေး၏တူတော်စပ်သူ အောင်နေဗလမှာ သေဆုံးသွားကာ အကြမ်းဖက်သမားများက ပြည်သူ့စစ်အဖွဲ့မှ သေနတ် ၅လက်အား ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

PAN