တောင်သာမြို့နယ်တွင် ဆိတ်ကျောင်းနေသည့် ပြည်သူ တစ်ဦးကို အကြမ်းဖက်သမား ၂ ယောက်က ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်သတ်

ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာရှိ ဆိတ်ကျောင်းလုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက်သမား များက ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ကန်မြဲကျေးရွာ​နေသူ ဇင်မင်းနိူင်(ခ)အရှည်ကြီး၊ ၂၁ နှစ်၊ (ဘ)ဦးမျိုးနိူင်သည် ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က တစ်ရွာတည်းနေသူ ၂ ဦးနှင့်အတူ ကန်မြဲရွာ အရှေ့ဘက် ၄ ဖာလုံခန်အကွာ၊ ပြွန်ကြီးကုန်းတောသို့ သွားရောက်ပြီး ဆိတ်၊ နွားများကျောင်းခဲ့ရာ ဇင်မင်းနိုင်အား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ သေနတ်အတို ၁ လက်၊ အရှည် ၁ လက် ကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၂ ယောက်သည် အခင်းဖြစ်နေရာမှ အရှေ့မြောက်ဘက်သို့ ထွက်ပြေးသွား​ကြောင်း သိရှိရပါသည်။။

သေဆုံးသူတွင် ဝဲဘက်လက်သန်းထိပ် ဖောက်ဝင်စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ အလျား ၆ လက္မ၊ အနံ ၄ လက္မခန့်ရှိ ဖောက်ထွက်စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ညှိုးနှင့် လက်ခလယ်ကြား အောက် ခြေတွင် ၁ လက္မခန့် ၊ ဖောက်ဝင် စုတ်ပြတ်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ယာဘက်ခြမ်းလက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် အလယ်တည့်တည့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် နံဘေးစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောတည့်တည့်တွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

PAN