ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏အခြေခံဖြစ်သည့် ဥပဒေနှင့် စည်းကမ်းကို သိရှိလိုက်နာရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌပြော

ဇန်နဝါရီ ၂၁

ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏အခြေခံဖြစ်သည့် ဥပဒေနှင့် စည်းကမ်းကို သိရှိလိုက်နာရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောဆိုလိုက်သည်။

အနာဂတ်တွင် နိုင်ငံကို ဦးဆောင်ကြမည့် လူသားအရင်း အမြစ်များအနေဖြင့် ဥပဒေပညာရပ်ကို နားလည်သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကို သင်ကြားပေးလျက်ရှိပြီး အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက်လည်း စီးပွားရေးအခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး​ခဲ့ပြီး တာဝန်ရှိသူများအားတွေဆုံမှာကြားစဥ် ယခုကဲ့သို့ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း သိရသည်။

PAN