ချမ်းမြသာစည်တွင်၊ယမန်နေ့ညပိုင်းက၊ယာဉ်မတော်တဆမှု(၂)မှုဖြစ်ပွားခဲ့ပြီး၊အမျိုး သား(၁)ဦး၊အသက်ဆုံးရှုံး။

ဇန်နဝါရီလ ၂၁
~~~~~~~
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်တွင်၊ယမန် နေ့၊ညပိုင်းနှင့်ယနေ့နံနက်၊အ စောပိုင်းတွင်၊ယာဉ်မတော်တ ဆမှု(၂)မှု၊ဖြစ်ပွားခဲ့ပြီး၊အ မျိုးသား(၁)ဦး၊အသက်ဆုံး ရှုံးခဲ့ရကြောင်း၊သွားရောက်ကူညီခဲ့သည့်၊မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှသိရ။

ယနေ့ဇန်နဝါရီ(၂၀)ရက် နံနက်အစောပိုင်း(၁)နာရီအချိန်တွင်၊ချမ်းမြသာစည်မြို့နယ်၊(၅၈)လမ်းနှင့် (၁၀၇)လမ်းထောင့်၌ဆိုင်ကယ်နှင့်၊ကားတစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ယာဉ်တိုက်မှူဖြစ် ပွားလို့၊ဖုန်းဆက်သတင်းပေးလို့၊ဖြစ်စဉ်နေရာကို၊သွား ရောက်ကူညီပြီး၊ဒဏ်ရာရတဲ့ အမျိုးသား(၂)ဦးမှာ(၁)ဦး က၊သေဆုံးပြီး၊နောက်ထပ် (၁)ဦးက၊ခါးရိုးကျိုးသွားတယ်ပေါ့။”ဟု၊အသင်းမှ တာဝန်ရှိသူ၊ပြောသည်။

ထို့အပြင်ချမ်းမြသာစည်မြို့နယ်(၄၄)လမ်းနှင့်(၁၁၈) လမ်းထောင့်တွင်ဇန်နဝါရီ (၁၉)ရက်၊ည(၁၀)နာရီခွဲအချိန်ခန့်ကဆိုင်ကယ်တစ်စီး မောင်းနှင်လာရာမှတိမ်းမှောက်ခဲ့ရာ၊​အသက်(၄၅) နှစ်အရွယ်၊အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်၊ရရှိခဲ့ကြောင်း၊သိရသည်။

“နောက်တစ်မှုက၊ဆိုင်ကယ်လဲပြီး၊အက်ဆီးဒင့်ဖြစ်ပွားတယ်ဆိုပြီး၊ဖုန်းဆက်သတင်းပေးလို့ဖြစ်စဉ်နေရာကို သွားရောက်ကူညီခဲ့တာ၊ဒဏ် ရာရရှိသူကအနီရောင်အဆင့်ပေါ့။မန္တလေးဆေးရုံကြီးကို၊ပို့ဆောင်ပေးခဲ့ပါတယ်” ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍၊ထိခိုက်ဒဏ်ရာရရှိသူလူ နာနှင့်သေဆုံးသူတို့အား၊မန္တ လေးဆေးရုံကြီးသို့၊ပို့ဆောင်ပေးခဲ့ကြောင်း၊မြရည်နန္ဒာလူ မှုကယ်ဆယ်ရေးအဖွဲ့မှ၊သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews