“ယာဉ်စီးခအတွက် YPS QR Code အသုံးပြုပေးချေမှုတွင် စီးနင်းသူများ အခက်အခဲအချို့ရှိနေ”

ဇန်နဝါရီလ ၂၀

YBS ယာဉ်လိုင်းများတွင် စမ်းသပ်အသုံးပြုနေပြီဖြစ်တဲ့ YPS QR Code အသုံးပြုကာ ယာဉ်စီးခပေးချေမှု လုပ်ငန်းစဉ်သည် ယာဉ်စီးနင်းသူများအတွက် အခက်အခဲအချို့ရှိနေကြောင်း သိရပါတယ်။ လက်ရှိတွင် QR Scan ပြုလုပ်ချိန်ကြာမြင့်ပါက ယာဉ်မောင်းမှ စိတ်မရှည်ခြင်း၊ အင်တာနက် လိုင်းကျနေချိန် Scan လုပ်မရခြင်း၊ ဗားရှင်း အနိမ့်ဖုန်းများမရခြင်း စသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၁၁ ရက် ကနေ စတင်ကာ YPS QR Code စနစ်ကို ကနဦးစမ်းသပ်မှုအဖြစ် YBS 131၊ YBS 55 နဲ့ YBS 57 တို့ တွင် အသုံးပြုလျက်ရှိပါတယ်။ YPS QR Code အသုံးပြုရန် MPYPS+ Application ကို Google Play store မှတစ်ဆင့် Download ပြုလုပ်ထားရန်လိုအပ်ပြီး YBS 13၊ YBS 55 နှင့် YBS 57 တို့တွင်လည်း Download ပြုလုပ်နိုင်ရန်အတွက် QR Code Sticker များ ကပ်ပေးထားကြောင်း သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews