ယာယီပိတ်ထားခဲ့တဲ့ မြစ်ကြီးနား – ဖားကန့် ကားလမ်း ၅ ရက်မြောက်နေ့မှာ ပြန်ဖွင့်

ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်း အသုံးပြုခွင့်ကို ယာယီပိတ်ထားခဲ့တာကနေ ခရီးသွားလာ အသုံးပြုခွင်ကို ပြန်လည်ပေးဖွင့်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ဇန်နဝါရီ ၁၅ ရက်နေ့က ယာယီပိတ်ထားခဲ့တဲ့ မြစ်ကြီးနား – ဖားကန့် ကားလမ်းကို ၅ ရက် မြောက်တဲ့နေ့ ဒီကနေ့ မနက်ပိုင်း ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက PAN ကို ပြောပါတယ်။

” ကားတွေဖြတ်သွားဖြတ်လာကိုတွေ့လို့ မေးကြည့်တော့ ဟုတ်တယ်တဲ့ ပြန်ဖွင့်ပြီလို့တော့ ပြောသွားကြတာပဲ။ သူတို့က ကားလမ်းပိတ်လိုက်တော့ ပိတ်တဲ့နေရာမှာပဲ အိပ်ပြီးစောင့်နေကြတာ ဒီနေ့မှ ဖြတ်လာရတာလို့ ပြောကြတယ်”လို့ ကားသမားတွေရဲ့ အဖြေကို ကိုးကားပြီး သူက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် ကာမိုင်းမြို့အဝင်ဂိတ်၊ နန့်ယားဂိတ်နဲ့ ဖားကန့်လယ်ပြင်ရမ်းချက် ဂိတ်တွေရဲ့ အတက်အဆင်းလမ်းတွေအားလုံးကို တပ်မတော်ဘက် ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

PAN

One thought on “ယာယီပိတ်ထားခဲ့တဲ့ မြစ်ကြီးနား – ဖားကန့် ကားလမ်း ၅ ရက်မြောက်နေ့မှာ ပြန်ဖွင့်

Comments are closed.