ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လက်ခတ်တောင်တဝိုက်အား တပ်မတော်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၁၉

      ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် အကြမ်း ဖက်သောင်းကျန်းသူ KNLA/PDF များ အခြေပြုနေ ထိုင်သည့် လက်ခတ်တောင်နှင့် ၁၀၈ တောင်ဘုရား အီလွန်မက် တာဝါတိုင်နေရာတို့အား ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်  တပ်မတော်မှ လေယာဥ် ၂ စီးဖြင့် ဗုံးချသွားကြောင်း သိရပါသည်။

     ထိုသို့ လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရပြီး KNLA/PDF အဖွဲ့မှ လူမှုကွန်ယက်တွင် တင်ထားသော ရုပ်သံတွင်လည်း တွေ့မြင်ရသည်ဟု ဆိုသည်။

     အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF များက လက်တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မြဝတီမြို့နယ်၊ သင်္ဃန်ညီနောင်ရဲစခန်းကို လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲအပြင်အထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN