အေဂျက်စ်ကို အပြီးသတ်ပြောင်းခဲ့တဲ့ ဟန်ဒါဆန်

ဇန်နဝါရီ ၁၉

နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းဟာ အယ်လ်အစ်တီဖာအသင်းရဲ့ အင်္ဂလန် ဝါရင့် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဟန်ဒါဆန်က အယ်လ်အစ်တီဖာနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အေဂျက်စ်အသင်းဆီ ၂၀၂၆ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် (၂)နှစ်ခွဲစာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဟန်ဒါဆန်ဟာ အေဂျက်စ်မှာရော ဘယ်လိုစွမ်းဆောင်ပေးသွားနိုင်မလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။