နမ့်လင်းချောင်းကူးကျောက်စီတံတား ကမ်းကပ်ခုံနှစ်ဘက် စလုံး အက်ကွဲ​မှုများဖြစ်ပေါ် ၍ ခေတ္တဖြတ်သန်းသွားလာမှု ပိတ်ထားပြီး ပြန်လည်ဖြတ်သန်းခွင့် ပြုထားပြီဖြစ်ကြောင်း သိရ

ဇန်နဝါရီ ၁၈

ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ရှိ၊ ကျိုင်းတုံ-တာချီလိတ်၊ ပြည်ထောင်စု ကားလမ်း မကြီးပေါ်မှ အရှည်ပေ ၃၀၀ ခန့်ရှိသော နမ့်လင်းချောင်းကူး ကျောက်စီတံတား၏ ကမ်းကပ်ခုံနှစ်ဘက်စလုံး၌ အက်ကွဲ​မှုများ ဖြစ်ပေါ် ၍ ခေတ္တ ဖြတ်သန်းသွားလာမှု ပိတ်ထား‌ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

အဆိုပါ ချောင်းကူးကျောက်စီတံတားကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် အိမ်စီးကားငယ်များ၊ မော်တော်ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပြုထားပြီ ဒေသခံများ၏ ဆက်လက်သတင်းပေးပို့ လာမှုအရ သိရှိရပါသည်။

#PAN