ရီးယဲလ်ကစားသမား ဗင်နီစီယပ်စ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ မန်ယူ

ဇန်နဝါရီ ၁၈

မန်ယူအသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) နဲ့ ခေါ်ယူချင်နေကြောင်း သတင်းတချို့ထွက်ပေါ်လာပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူဖို့ သတင်းတွေထွက်နေတာကြောင့် မန်ယူက ဗင်နီစီယပ်စ်ကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း တစ်ပတ်လစာ ပေါင် (၆၀၀၀၀၀) ပေးချေရမည်ဖြစ်သလို၊ စာချုပ်လက်မှတ်ထိုးကြေး ပေါင်သန်း (၁၅၀) ပေးရမည်ဖြစ်ပါတယ်။

ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက ဘာပေကို ခေါ်ယူနိုင်ရန်အတွက် ဗင်နီစီယပ်စ်(၂၃ နှစ်)ကို ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။