ရွှေဘိုမြို့ပေါ် မိုင်းထောင်ရန်လာသည့် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦး အသေဖမ်းဆီးရမိ


ဇန်နဝါရီလ ၁၇
ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ် အမှတ်(၅)ရပ်ကွက်ဘုန်းကြီး‌ကျောင်းအနီး မိုင်းထောင်ရန် ရောက်ရှိလာသည့် အကြမ်းဖက် PDF ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းဆီးရမိကြောင်းသိရှိရပါသည်။

အကြမ်းဖက်PDFအဖွဲ့မှ မိုင်းလာ‌ထောင်မည်ကို ၎င်းအကြမ်းဖက်အဖွဲ့ဝင်ထံမှ ကြိုတင်သတင်းရရှိထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်၍ စောင့်နေစဉ် မိုင်းထောင်ရန်ရောက်ရှိလာသော အကြမ်းဖက် PDF များကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF ၂ လောင်း၊ လက်လုပ်သေနတ် ၁ လက် ၊ ၅.၅၆ မမကျည် ၅ တောင့် ၊ လက်လုပ်ကျည်အိမ် ၁ ခု ၊ လက်လုပ်မိုင်း ၃ လုံး ၊ ဒီတိုနေတာ ၃ ခုတို့ကို သိမ်းဆည်း ရမိကြောင်းသိရှိရပါသည်။

ယခုအခါ အကြမ်းဖက်PDFအဖွဲ့ဝင်များထဲမှ PDF အချို့သည် လုံခြုံရေးအဖွဲ့ဝင်များထံ လျှို့ဝှက်သတင်းပေးပို့မှုများ နေရာဒေသအသီးသီးတွင် ဖြစ်ပေါ်လာနေကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews