ရိုးမားအသင်းက ဒီရော့ဆီကို နည်းပြသစ်အဖြစ် ခန့်အပ်

ဇန်နဝါရီ ၁၇

ရိုးမားအသင်းဟာ နည်းပြဟောင်း မော်ရင်ဟိုနှင့်လမ်းခွဲပြီး အသင်း၏နည်းပြသစ်အဖြစ် ဂန္ထဝင်ကစားသမားဟောင်း ဒီရော့ဆီအား ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အသက် (၄၀) နှစ်အရွယ်ရှိ အီတလီဂန္ထဝင်ကွင်းလယ်လူ ဒီရော့ဆီဟာ ရိုးမားအသင်းအား ၂၀၂၄ ဇွန် (၃၀) ရက်နေ့အထိ ကိုင်တွယ်သွားမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ကာ အနာဂတ်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရိုးမားအသင်းတွင် ဆယ်စုနှစ် (၂) ခုနီးပါးကစားခဲ့သည့် ဒီရော့ဆီသည် SPAL အသင်းအားနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ရိုးမားအသင်းအား ဥရောပဝင်ခွင့်ရရှိစေရန် အဓိကစွမ်းဆာင်ပေးရမည်ဖြစ်ပါတယ်။