မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်း အားသွင်းရင်း ဖုန်းအပူရှိန်လွန်ကဲကာ ပေါက်ပွဲမှုဖြစ်၍ စိုးရိမ်ဒဏ်ရာများရရှိ

ဇနဝါရီ ၁၆

ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်းအားသွင်းရင်း ဖုန်းကိုအချိန်ကြာမြင့်စွာ အသုံးပြုနေရာမှ ဘက်ထရီအပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဖုန်းဘက်ထရီအပူချိန်လွန်ကဲကာ ဖုန်းပေါက်ကွဲမှုကြောင့် ဖုန်းသုံးနေသည့်အမျိုးသားမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေရကြောင်း၊ တစ်ကိုယ်လုံးထိခိုက်သွားသည့်အတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရှိရပါသည်။

ပေါက်ကွဲမှုကြောင့် အနီးရှိ သမီး၂ ယောက်မှာ မျက်နှာနှင့်လက်များတွင် အပူလောင်၍အရေပြားလှန်သွားသည့် ဒဏ်ရာများ ရခဲ့သော်လည်း မစိုးရိမ်ရကြောင်း လိုက်လံကူညီပေးခဲ့သည့် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်ထံမှ သိရှိရပါသည်။

#PAM