ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေး အခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) – Haz-Scanner ၊ Air Quality Monitoring Station (AQM-65)၊ Scentroid (SL – 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer – 1941150)၊ (Gas Analyzer – 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS) နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
လေ့လာဆန်းစစ်ချက်များအရ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှု အခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။