လက်ထောက်များ ပါဝင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားပြီး ကာကွယ်ရေးဝန်ကြီး Gallant သည် ကက်ဘိနက်အဖွဲ့ အစည်းအဝေးမှ ထွက်သွား

ဇန်နဝါရီ ၁၅

   အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် ၎င်း၏ လက်ထောက်များ ပါဝင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် စနေနေ့ညပိုင်းက လုံခြုံရေးကက်ဘိနက်အဖွဲ့ အစည်းအဝေးခန်းမှ ထွက်ခွါသွားခဲ့ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့ပါသည်။

     ကက်ဘိနက်အဖွဲ့ အစည်းအဝေးသို့ လက်ထောက် များ ဝင်ရောက်မှု ပိတ်ပင်ရန် သတ်မှတ်ထားပြီး Gallant ၏ စစ်ဦးစီးချုပ် ဝင်ခွင့်ကို ငြင်းပယ်ခံခဲ့ရသော်လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု နှင့် အခြားအရာရှိများကို လက် ထောက်များ ခေါ်ဆောင်လာရန် ခွင့်ပြုခဲ့ကာ အစီ ရင်ခံချက်များအရ Gallant ၏ ကာကွယ်ရေးအတွင်းဝန်ကို အစည်းအဝေးသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

      Gallant သည် ဒေါသတကြီးဖြင့် ငြင်းဆိုမှုကို တုံ့ ပြန်ခဲ့ပြီး အငြင်းအခုံဖြစ်ခဲ့ကာ၊ ငြင်းခုံမှုအတွင်း အမျိုး သားလုံခြုံရေးကောင်စီ အကြီးအကဲ Tzachi Hanegbi က ” မိမိအနေဖြင့်တောင်မှပဲ လက်ထောက်တွေ ဒီမှာ မခေါ်လာခဲ့ပါဘူး” ဟု ပြောကြားမှုကို Gallant က ခင်ဗျားကိုယ်တိုင် လက်ထောက် တစ်ယောက် ဖြစ်တယ် ဆိုတာ မေ့သွားတာလား”ဟု ပြန်လည်ပြောဆိုခဲ့မှုအား Walla က ဖော်ပြထားသည်။

     အစိုးရအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အတွင်း Gallant ပြန်လာခဲ့ပြီး ၎င်းနှင့် နီးစပ်သော သတင်းအရင်းမြစ်များက အကူအညီများ ခေါ်ဆောင်လာခြင်း တားမြစ်ထားသော်လည်း အစည်းအဝေးသို့ နေတန်ညာဟု၏ လက်ထောက်ငါးဦး ခေါ်ဆောင်ခဲ့သည်ဟု Maariv သတင်းဌာနသို့ ပြောကြားခဲ့သည်။

      “ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေး အတွင်းဝန်တို့ဟာ ဇိမ်ခံပစ္စည်းများ မဟုတ်ပါဘူး၊ ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး တပ်မတော်ကို ညွန်ကြားချက် ပေးပို့ရာမှာ အရေးကြီးတဲ့ အုပ်ချုပ်ရေးလက်ရုံး ဖြစ်ပါတယ်။” ဟု သတင်းအရင်းမြစ်များက ဆိုသည်။

      ထိုငြင်းဆိုမှုသည် Shin Bet နှင့် Mossad အကြီး အကဲများနှင့်အတူ Gallant ၏ အစည်း အဝေးများသို့ အစီရင်ခံခြင်းအား တားဆီးခြင်း အပါအဝင် အစောပိုင်းကာလ Gallant ၏ အပြုအမူအပေါ် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခုဖြစ်ပြီး၊ ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။

      နေတန်ညာဟုနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဤသည်မှာ “နိုင်ငံရေးမျှသာ” ဟု ဖော်ပြခဲ့ကာ စစ်ပွဲအတွင်း နေတန်ညာဟုနှင့် Gallant အကြား တင်းမာမှုများ ဆက်လက်ကြီးထွားလာခြင်းကြောင့် အစိုးရအဖွဲ့အတွင်း ပူပန်သောက ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

      အစ္စရေး လူ့အဖွဲ့အစည်းအပေါ် တရားစီရင်ရေး ပြု ပြင်ပြောင်းလဲမှု၏ သက်ရောက်မှုများကို ကာကွယ် ရေးဝန်ကြီးက သတိပေးခဲ့ပြီးနောက် မတ်လတွင် Gallant နှင့် နေတန်ညာဟုတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဝန်ကြီးကို ထုတ်ပစ်မည်ဟု ကြေငြာခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် ကြီး မားသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက် နေတန်ယာဟုက ဆုံးဖြတ်ချက်ကို ရပ်တန့်လိုက်၍ ဝန် ကြီးကို အလုပ်ထုတ်ခြင်းမှ ကျောခိုင်းခဲ့သည်။

       Likud လွှတ်တော်အမတ် Tally Gotliv က စနေနေ့ညတွင် လုံခြုံရေးအစိုးရအဖွဲ့အတွင်း အစီရင်ခံတင်ပြထားသော အငြင်းပွားမှုကို X တွင် တုံ့ပြန်ရေးသားခဲ့ရာ “သူငယ်တန်းကလေးတွေလို ပြုမူတဲ့ ကန့်သတ်အစိုးရ အဖွဲ့ကို မင်း ဘယ်လို ယုံနိုင်မလဲ၊ ကာကွယ်ရေးဝန်ကြီးထက် Tzachi Hanegbi ကို ပိုပြီးယုံကြည်ရမှာလား ?၊  ပြည်သူတွေကို ပြောဆို ညွှန်ကြားပေးမယ့် တာ ဝန်ရှိ လူကြီးတစ်ယောက်မှ မရှိဘူးလား ?။ Geez မင်း က စစ်ပွဲကို စီမံနေတာ၊ ကာကွယ်ရေးဝန်ကြီးက သူ့ရဲ့ညာ လက်ရုံးအဖြစ် ထမ်းဆောင်နေတဲ့ သူ့လက်ထောက်ကို မခေါ်ရရင် သူ့ညာဖက် လက်ရုံးအဖြစ် ဘယ်သူရှိမှာလဲ။ ” မင်းတို့အားလုံးက ကလေးငယ်တွေနဲ့ အတူတူပါဘဲ ” ဟု Gotliv က ဆက်လက် ရေးသား ပြောဆိုခဲ့ကြောင်း ဂျေရုဆလင်ပို့စ် သတင်းတွင် ဖော်ပြထား သည်။

#PAN