ဗင်းနစ်ရှပ်စ်ရဲ့ ဟက်ထရစ်ဂိုးနဲ့ ဘာစီလိုနာကို ဂိုးပြတ်နိုင်ပြီး စူပါကပ်ချန်ပီယံဖြစ်တဲ့ ရီးရဲလ်

ဇန်နဝါရီ ၁၅

တနင်္ဂနွေညက ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်ကတော့ (၄-၁) ဂိုးရလဒ်နဲ့ ဘာစီလိုနာကို မိနစ် ၉၀ လုံး အကောင်းဆုံး ပုံစံတွေနဲ့ ကစားသွားခဲ့ပြီး စပိန်စူပါဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တစ်ပွဲလုံးအနေအထားအရ ဘာစီလိုနာတို့ ရီးရဲလ်ကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲလ်တို့ကတော့ ဒီရာသီမှာ ဆုဖလားတစ်လုံးရရှိသွားခဲ့ပြီဖြစ်ပြီး အကောင်းဆုံးရာသီတစ်ခုဖြစ်လာဖို့ ပုံဖော်နေနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဗင်နီစီးယပ်စ်ကလည်း ရီးရဲလ်နဲ့အတူ ဆုဖလား ၁၀ ကြိမ်ထိရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။