“ယီမင်ရှိ ဟူသီရေဒါစခန်းကို အမေရိကန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်”

ဇန်နဝါရီလ ၁၄

  အမေရိကန်စစ်တပ်သည် ရေကြောင်းသွားလာရေး သင်္ဘောများအား ဟူသီအဖွဲ့၏ တိုက်ခိုက်နိုင်စွမ်း လျော့နည်း သွားစေရန်အတွက် ယီမင်ရှိ ဟူသိရေဒါစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
  အမေရိကန်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၁၃ ရက်တွင် ယီမင်စံတော်ချိန် နံနက် ၃ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်၌ ထိုတိုက်ခိုက်မှုကို တိုမာဟော့ခ်ခရုဇ်ဒုံးကျည် အသုံးပြု၍ USS Carney စစ်သင်္ဘောက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
  USS Carney သင်္ဘောကို ပင်လယ်နီတွင် ဖြန့်ကြက်ထားကြောင်းလည်း သိရသည်။ ယခုဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုသည် သောကြာနေ့က ဟူသီပစ်မှတ်အများအပြားကို ဗြိတိန်တပ်ဖွဲ့နှင့် ပူးတွဲတိုက်ခိုက်မှု၏ နောက်ဆက်တွဲတိုက်ခိုက်မှုဖြစ်ကြောင်းလည်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews