Myanmar Mobile Money နဲ့ ပင်စင်လစာ ထုတ်ယူမှု မြင့်တက်

ဇန်နဝါရီ ၁၃

Myanmar Mobile Money ကို အသုံးပြုပြီး ပင်စင်စားဝန်ထမ်းများမှ ပင်စင်ငွေ ထုတ်ယူမှုအရေအတွက် မြင့်တက် လာတယ်လို တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အငြိမ်းစားလစာများကို ဘဏ်သို လာရောက်လျှောက်လွှာတင်ကာ မြန်မာ့စီးပွားရေးဘဏ်(သို့)MMMက ခန့်အပ် ထားတဲ့ ပြင်ပအေးဂျင့်များထံမှာ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်တယ်လို သိရပါတယ်။ လတစ်လရဲ့ ၂၁ ရက်နေ့တိုင်း ဝန်ဆောင်မှုရယူသူရဲ့ ဖုန်းဆင်းကတ်သို SMS ပေးပိုပြီး ယင်းစာတို ကို ပြသကာ ကိုယ်စားလှယ်များထံကနေ လစာငွေ ထုတ်ယူနိုင်တယ်လို သိရပါတယ်။

Myanmar Mobile Money ကို မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုနဲ့ ငွေသားသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ကောင်တာမှာ ငွေလွှဲပေးပိုခြင်း၊ ငွေလွှထုတ်ပေးခြင်း၊ တယ်လီဖုန်းဘေဝယ်ယူခြင်းများ ဆောင်ရွက်နိုင်တယ်လို သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပင်စင်စားများက အဆိုပါနည်းလမ်းအတိုင်း ထုတ်ယူအသုံးပြုသူဦးရေ တိုးတက်လာတယ်လို သိရပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Myanmar Mobile Money အသုံးပြုသူ တစ်သောင်း နှစ်ထောင်ကျော်အထိ ရှိတယ်လို သိရပါတယ်။