“ကျောက်ဖြူ SEZ အမြန်စတင်နိုင်ရေး ဆောင်ရွက်ရမည်”

ဇန်နဝါရီလ ၁၃

ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် အမြန်ဆုံးစတင်လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုလို ပြောကြားခဲ့တာပါ။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး ကျွမ်းကျင်လုပ်သားတွေပေါ်ထွက်လာကာ ကျန်တဲ့အထူးစီးပွားရေးဇုန် တွေကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ကာလအလိုက် အောင်မြင်အောင် အကောင် အထည်ဖော်ကြဖို့ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းခဲ့ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲ စာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကိုလည်း နောက်ထပ် ၁၈ လ သက်တမ်းတိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews