ဇန်နဝါရီ ၁၂
မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ အမှတ်(၃)ဗဟိုရပ်ကွက်တွင် ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦးကို ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းက တူဖြင့်ထုသတ်ပြီး ရွှေ၊ ငွေပစ္စည်းတွေ ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ လူသတ်တရားခံက အဲဒီယက္ကန်းရုံက အလုပ်သမားတစ်ဦးဖြစ်တယ်လို့ သိရပြီး ၎င်းဟာ ယက္ကန်းရုံပိုင်ရှင်ဖြစ်တဲ့ ဒေါ်မြမြသွေး၊ သမီးဖြစ်သူအသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေး၊အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်နှင့် အသက် ၅၃ နှစ် အရွယ် ဒေါ်စန္ဒာတို့ဖြစ်ပြီး လူသတ်တရားခံမှာ အဆိုပါယက္ကန်းရုံမှ အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ ယက္ကန်းစင်ထုသည့် တူဖြင့်ထုသတ်ကာ ရွှေ၊ ငွေနဲ့၊ အခြားပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြောင်း၊ အမျိုးသမီး၄ဦးအား ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် အမျိုးသားအား ဖမ်းမိထားကြောင်း သိရသည်။
သေဆုံးသွားသည့်အမျိုးသမီး ၄ ဦးအား ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
PAN