ဒေါ့မွန်ကို တရားဝင် အငှါး(၆)လ ရောက်ရှိသွားပြီဖြစ်တဲ့ ဆန်ချို

ဇန်နဝါရီ ၁၂

အသက်(၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်း နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပေ ဖြစ်နေရာကနေ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနှင့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းနှင့် မိတ်ဆက်ပွဲ ပြုလုပ်အပြီး ယင်းနေ့မှာပင် အသင်းနှင့် လေ့ကျင့်ခန်းချက်ချင်းဆင်းခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆန်ချိုကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် (၂)နှစ်နီးပါးခန့် ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာပဲ ယူရို(၈၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုက မန်ယူမှာ (၂)ရာသီထိ ကစားပြီးချိန်မှာတောင် (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။