အမေရိကန်သည် ပါလက်စတိုင်းနိုင်ငံတစ်ခု ဖြစ်ပေါ်လာရန် သိသာထင်ရှားသော ခြေလှမ်းများဖြင့်ထောက်ခံကူညီပေးလျှက် ရှိဟု Blinken ပြောကြားခဲ့

ဇန်နဝါရီ ၁၁

   အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken မှ အမေရိကန်သည် ပါလက်စတိုင်းနိုင်ငံ တစ်ခု ဖြစ်ပေါ် လာစေရန် သိသာထင်ရှားသော ခြေလှမ်းများဖြင့် ထောက်ခံကူညီပေးလျှက်ရှိသည်ဟု ပါလက်စတိုင်း အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ အကြီးအကဲ Mahmoud Abbas သို့ ပြောကြားကြောင်း Aljazeera သတင်းတစ်ခုတွင် ဖော်ပြထားသည်။

      ပါလက်စတိုင်းနိုင်ငံသည် အစ္စရေးနှင့် အတူ တကွ ငြိမ်းချမ်းစွာနှင့် လုံခြုံစွာ နေထိုင်နိုင်ရန် အမေရိကန်က ကြာမြင့်စွာ လုပ်ဆောင်လာခဲ့သော ရပ်တည်ချက်ဖြစ်သည်ဟု ထိုသို့ တွေ့ဆုံစဥ် ထပ် လောင်း အတည် ပြုခဲ့သည်။

       အစ္စရေးအပေါ် ဟားမတ်စ်နှင့် အခြားအကြမ်းဖက်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုများ ဆင့်ပွားဆောင်ရွက်လာမှုနှင့် ယင်းတို့ကို ဖြိုခွင်းရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)၏ စစ် ဆင်ရေးများ တိုးမြှင့်လာမှုကြောင့် အနောက်ဖက်ကမ်းတွင် မတည်ငြိမ်မှုများ တိုးပွားလာခြင်း ဖြစ်ပြီး ပါလက်စတိုင်းများနှင့် ဂျူး အခြေချနေထိုင်သူများအကြား ပဋိပက္ခများ တစ်ဟုန်ထိုး တိုး တက်လာခဲ့သည်။ အစ္စရေးမှ ကောက်ခံထားရှိသည့် ပါလက်စတိုင်း၏ ဘဏ္ဍာအခွန်ငွေများကို မူလသဘောတူညီချက်ပါအတိုင်း ပါလက် စတိုင်း အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့သို့ အဆက် မပြတ် ပုံမှန်ပေးသင့်သည်ဟု အမေရိကန်၏ ရပ်တည် ချက်ကို မီးမောင်းထိုးပြခဲ့မှုအား ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ Matthew Miller က ပြန်လည် ပြောကြားခဲ့ကြောင်း Time of Israel သတင်းအရ သိရှိရသည်။

      ထိုသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က လာရောက်ခြင်းကို ပါလက်စတိုင်း ရာပေါင်းများစွာသည် မြို့ တော် Ramallah ရှိ လမ်းများပေါ်၌ ဆန့်ကျင် ချီတက် ဆန္ဒပြခဲ့ကြပြီး “Blinken ကို ပါလက်စတိုင်းမှ ကြိုဆိုခြင်း မရှိ” နှင့် အခြား ဆန့်ကျင်သည့် ပိုစတာများကို ကိုင်ဆောင်ထားကြသည်ဟု သိရသည်။

     ၎င်းနောက် ဆန္ဒပြုသူများသည် ပါလက်စတိုင်းအုပ်ချုပ်ရေး အာဏာပိုင် လုံခြုံရေးတပ်ဖွဲ့များ၏ ရှင်း လင်းမှုကြောင့် ပျောက်ကွယ်သွား သည်ဟု Time of Israel သတင်းတွင် ဖော်ပြထားသည်။

     အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken မှ အမေရိကန်သည် ပါလက်စတိုင်း နိုင်ငံသို့ မရောက်ရှိမီ အင်္ဂါနေ့တွင် အစ္စရေးဝန် ကြီးချုပ်ရုံးက ဂျူးလူမျိုးများကို အနောက်ဘက်ကမ်းရှိ ကင်းစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ယာ ယီရပ်ဆိုင်းမည်ဖြစ် ကြောင်း ကြေညာခဲ့ရာ ထိုကြေ ညာချက်တွင် “စစ်ပွဲတွေ ဆက်ရှိနေသရွေ့ ယုဒနဲ့ ရှမာရိတွင် အခြေချနေထိုင်သူ စစ်သည်များနှင့် အစောင့် အကြပ်များ၏ နေအိမ်များကို ရွှေ့ပြောင်းခြင်းနှင့် ဖြိုဖျက်ခြင်းများကို ရပ်တန့်ရမည်ဟု နေတန်ညာဟုက ညွှန်ကြားထားပါတယ်။”ဟု ပါရှိသည်ဟု ဆိုသည်။

     အင်္ဂါနေ့ ညနေပိုင်းတွင် အစ္စရေးတပ်မတော် IDF မှ လက်ဘနွန်တောင်ပိုင်း Labbouneh ဒေသရှိ အကြမ်း ဖက်အဆောက်အအုံများနှင့် စစ်စခန်းတစ်ခုကို လေ ကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ပြီး Kfarchoubaဒေသရှိ စစ်ဘက်ဆိုင်ရာ ကွပ် ကဲမှု ဗဟိုဌာနနှင့် Khiam ဒေသရှိ ဟစ်ဇ်ဘိုလာ စောင့်ကြည့်ရေးစခန်းတစ်ခုကိုလည်း တိုက်လေ ယာဉ်ဖြင့် ညပိုင်း၌ တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ အစ္စရေးပိုင်နက်သို့ ပစ်ခတ်တိုက်ခိုက်နေသော Naqoura ရှိ စစ်စခန်းတစ်ခုအား IDF မှ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

      IDF သည် ဂါဇာကမ်းမြှောင်မှ တပ်ဖွဲ့ဝင် ထောင် ပေါင်းများစွာကို လျှော့ချကာ ဂါဇာကမ်းမြောင်ဒေသ၌ ဟားမတ်စ်ကိုတိုက်ခိုက်မှု တတိယအဆင့်သို့ ကူး ပြောင်းသွားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးအား ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်း စာက အင်္ဂါနေ့တွင် ဖော်ပြခဲ့ပြီး ပို့စ်အရ IDF သည် ယခုအခါ ဂါဇာကမ်းမြှောင်၏ မြောက်ဘက်တွင် “သိသာသည့် လျှော့ ချမှုများ” ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

    အစ္စရေး – ဟားမတ်စ်စစ်ပွဲကာလမှာ ၉၆ ရက်သို့ ရောက်ရှိလာခဲ့ပြီးနောက် အစ္စရေးတို့က ဂါဇာကမ်းမြှောင်တစ်ဝှမ်း တိုက်ခိုက်နေသကဲ့သို့ အနောက်ဖက်ကမ်းတွင် ပိတ်ဆို့ရှာဖွေမှုများ လုပ် ဆောင်နေကာ အစ္စရေးဖက်မှ ယခင်ထုတ်ပြန်ချက်အတိုင်း ၁,၂၀၀ ဦးခန့် သေဆုံး၍ ဒဏ်ရာရ ၁၂,၉၅၇ ဦး ရှိပြီး၊ ဓားစာခံအဖြစ် ၁၂၉ဦး ဖမ်း ဆီးခံထားရကာ IDF ထုတ်ပြန်ချက်အရ စစ်သည် ၅၂၀ ဦး သေဆုံးခဲ့ကြောင်း၊ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ပါလက်စတိုင်း ကလေးနှင့် အမျိုးသမီးများအပါ
အဝင်၂၃,၃၅၇ ဦးခန့် သေဆုံး၊ ဒဏ်ရာရ ၅၉,၄၃၀ ဦး ကျော်ရှိပြီး၊ ပါလက်စတိုင်း ကျန်းမာရေးလုပ်သား ၃၂၆ ဦး သေဆုံးလျှက် အနောက်ဖက်ကမ်းဒေသမှ မြို့ပေါင်း ၉ မြို့ကို အစ္စရေးမှ ကျူး ကျော် ဝင်ရောက်ခဲ့ရာ ၃၂၅ ဦး သေဆုံး၍ လူပေါင်း ၅,၆၃၀ ဦး ဖမ်းဆီးခံထားရကာ အပျက် အစီးများအောက်မှ ထပ်တိုးလာနိုင်ကြောင်း Al- Jazeera သတင်းအရ သိရှိရပါသည်။

#PAN