ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းစစ်သည် ငါးသိန်းခန့် ဆုံးရှုးဟုဆို

ဇန်နဝါရီ ၉

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတိုကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် ယူကရိန်းဘက်မှ စစ်သည်အင်အား ငါးသိန်းခန့် ဆုံးရှုး ကြောင်းနှင့် လစဉ် ဆုံးရှုးမှုအင်အားမှာ ၃၀,၀၀၀ ကျော်ရှိကြောင်း ရှေ့နေချုပ်ဟောင်း တစ်ဦး ဖြစ်သည့် ယူရီလတ်ဆန်ကို က ပြောသည်။ ထိုကြောင့် သမ္မတ ဇာလန်စကီး ၏ အစိုးရအဖွဲအနေဖြင့် ယူကရိန်း နိုင်ငံ က စစ်မြေပြင်တွင် ကြီးမားသော ဆုံးရှုးမှုများရှိနေသည်ဟု လူသိရှင်ကြားဝန်ခံကာ ပြည်သူများကို စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်လာစေရန် စည်းရုံးသင့် ကြောင်း ၎င်းက ဆက်ပြောသည်။

ယူရီလတ် ဆန်ကို က ၎င်းတိုအနေဖြင့် ယူကရိန်းစစ်သည် အင်အားဘယ်လောက်အထိ ဆုံးရှုးနေရတယ် ဖော်ပြသင့်ပြီး သတင်းဆိုးဖြစ်ပေမယ့် တိုက်ပွဲဝင်စစ်သည်များကို ဖိတ်ခေါ်ရန် အခြားနည်းလမ်းမရှိတာကြောင့် ဖြစ်တယ်ဟု ဆိုသည်။ ယူကရိန်းတပ်မတော်က အစိုးရကို စစ်သည်အင်အား လေးသိန်းခွဲမှ ငါးသိန်းအထိ ထပ်ပေး ရန် တောင်းဆိုထားကြောင်း သမ္မတ ဇာလန်စကီး က ဒီဇင်ဘာလတွင် ပြောသည်။ ယင်းနောက် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ယူကရိန်းအစိုးရက တပ်သားသစ်စုဆောင်းရေးအတွက် ဥပဒေအသစ်တစ်ရပ်ကို ပြဋ္ဌာန်းလိုက် ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN