ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆၂ ခု ခွင့်ပြုပေးခဲ့

ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃၂,၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆၂ ခုကို ခွင့်ပြု ပေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ၄၆ ခု၊ နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု ၃ ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု စုစုပေါင်း လုပ်ငန်းသစ် ၆၂ ခု ခွင့်ပြုပေးခဲ့တယ်လို ဆိုပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေ ပါဝင်ပြီး CMP စနစ်နဲ့ အထည် ချုပ်လုပ်တဲ့လုပ်ငန်း၊ ဆောက်လုပ်ရေးသုံး ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တင်ပိုရောင်းချတဲ့လုပ်ငန်း စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တွေကနေ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃၂,၀၀၀ ကျော်အထိ ဖန်တီးပေးနိုင်ခဲ့တယ်လို ဆိုပါတယ်။ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

PAN