ဇန်နဝါရီလ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၅ ရက်နေ့က တပ်မတော်မှ အုပ်ချုပ် ရေးမှူးများကို ခေါ်ယူကာ အသက် ၁၈ နှစ် ကနေ ၅၅ နှစ်ကြား အမျိုးသားများကို ကျေးရွာတစ်အုပ်စုလျှင် ၁၀ ဦး ပေးရမည် ဖြစ်ကြောင်း စစ်မှုထမ်းအင်အားများတောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ တပ်မတော်မှ ဒေသခံပြည်သူများအား စစ်မှုထမ်းဆောင်ရန် အင်အားတောင်းခံခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းဆောင် ခိုင်းခြင်း မရှိပါကြောင်း၊ ကောလာဟလ သတင်းများကို မသမာသူများက လုပ်ကြံ ပြောဆိုနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေပြီး ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်အတွက် ကောလာဟလသတင်းများကို လူမှုကွန် ရက်စာမျက်နှာများပေါ်တွင်လုပ်ကြံရေးသားပြီး အကြောက်တရား များ၊ အမုန်းတရားများကို လေလှိုင်းပေါ်မှတဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများအားလှုံဆော် ဝါဒဖြန့်နေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါသည်။
#PAN