ကုန်စျေးနှုန်းသတင်း

ဇန်နဝါရီ ၉

ဇန်နဝါရီလ ၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေ ရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစဉ်းငုံနီနဲ့ မတ်ပဲ ဈေးတွေ ဆက်တိုက် တက်လာသလို ဘိုကိတ်ပဲဈေး လည်း အနည်းငယ် တက်လာပါတယ်။ နှမ်းမျိုးစုံဈေး မြင့်တက်လာ ပေမယ့် အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီး ဈေးတွေလည်း ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၈,၄၂၅ ကျပ်၊ မတ်ပဲ (SQ/ RC) တစ်တင်းကို ၁၀၉,၆၈၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၀၁၅ ကျပ်ကနေ ၅,၀၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၂,၇၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၈၀ ကျပ်ကနေ ၁,၂၀၀ ကျပ်၊ ကုလားပဲဖြူလုံး အသေး တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာ ကို ၅,၀၀၀ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ပဲပုပ် မြစ်ဝကျွန်းပေါ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၀၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၂၁၅ ကျပ်က နေ ၃,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၈၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၅၀၀ ကျပ်ကနေ ၉,၈၀၀ ကျပ်၊ ငရုတ် (မြှားနီ) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၂,၆၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ် ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၈၀.၀၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေး အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၁၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၃၅ ကျပ်၊ မန္တလေးမှာ ၂,၅၈၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၇၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၅ ကျပ်၊ မန္တလေးမှာ ၂,၆၈၅ ကျပ်၊ နေပြည်တော်မှာ၂,၆၈၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၀ ကျပ်၊ မန္တလေးမှာ ၂,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၃၆၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၀၅ ကျပ်၊ မန္တလေးမှာ ၂,၄၅၀ ကျပ်၊ နေပြည်တော်မှာ၂,၄၅၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၆၂,၂၀၀ိ/-) သုံးဆယ် ခြောက်သိန်း ခြောက်သောင်း နှစ်ထောင် နှစ်ရာ ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၇၂၀,၀၀၀ိ/-) သုံးဆယ် ခုနစ်သိန်း နှစ်သောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။

#PAN