အမေရိကန် နိုင်ငံခြားရေးဝန်ကြီး AntonyBlinken သည် အာရပ်စော်ဘွားများနိုင်ငံ၊ အာ ရေးဗီးယားနှင့် အရှေ့အလယ်ပိုင်းတို့သို့ သွားရောက်မည်

ဇန်နဝါရီ ၉

     အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken သည် ဒေသတွင်း ပဋိပက္ခ ကျယ်ပြန့် လာမှုကို တားဆီးရန် အရှေ့အလယ်ပိုင်းဒေသတွင် ၅ ရက်ကြာ သံတမန်ရေး ကြိုးပမ်းမှုကို ဇန်နဝါရီ ၇ ရက်၊ တနင်္ဂနွေ နေ့တွင် စတင်ခဲ့ရာ ဂျော်ဒန်နှင့် ကာတာနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး အစ္စရေးသို့ မသွားရောက်မီ ဇန်နဝါရီ ၈ ရက်၊ တနင်္လာနေ့တွင် အာရပ်စော်ဘွားများနိုင်ငံနှင့် ဆော်ဒီအာရေဗျသို့ သွားရောက်တွေ့ဆုံဆွေးနွေးကာ အစ္စရေးနှင့် လက်ဘနွန်ရှိ အီရန် ကျောထောက် နောက်ခံ ဟစ်ဇ်ဘိုလာ တို့အကြား အပြန်အလှန် ပစ် ခတ်တိုက်ခိုက်မှု ပိုမိုအရှိန်မြင့်လာသောကြောင့် ဒေသတွင်း ပဋိပက္ခမီး လောင်ကျွမ်းမှု ကျယ်ပြန့်လာခြင်းကို ဦးတည် မသွားစေရန် အရှေ့အလယ်ပိုင်းသို့ ဆက် လက် သွားရောက်မည်ဖြစ်သည်။

       ၎င်းသည် ယနေ့ အင်္ဂါနေ့တွင် အစ္စရေးခေါင်း ဆောင်များနှင့် ဂါဇာစစ်ပွဲပြီး ကာလကိစ္စ ဆွေးနွေးရန် စီစဉ်ထားပြီး အနောက်ဖက်ကမ်းနှင့် အီဂျစ်တို့သို့လည်း ယခုအပတ်တွင် သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

      ဒေသတွင်း အကြီးအကျယ် တင်းမာနေသော အချိန်ဖြစ်၍ အလွယ်တကူ ပဋိပက္ခကူးစက်သွားနိုင်ပြီး မလုံခြုံမှုနှင့် ဆင်းရဲ ဒုက္ခများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု Abu Dhabi မြို့သို့ မထွက် ခွာမီ Doha မြို့တွင် ပြောကြားခဲ့သည်။ ဂါဇာ ရှိ အရပ်သားများ သေဆုံးမှုကို ပိုမိုကာကွယ်ရန်၊ ပါလက်စတိုင်း အရပ်သားများအား နေအိမ်များသို့ ပြန်ရန် ခွင့်ပြုရမည် ဖြစ်ပြီး ဂါဇာမှ ထွက်ခွာရန် အတင်းအကျပ် ဆောင်ရွက်မှု မပြုရန် တို့ကို အစ္စရေး တာဝန်ရှိသူများအား Blinken မှ ပြောကြားမည် ဖြစ်သည်ဟု ဆိုသည်။

      ယခု ခရီးစဉ်သည် ဟားမတ်စ် ဒုခေါင်း ဆောင် Saleh al-Arouri အား ဘေရွတ်မြို၌ အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲပြီး လက်ဘနွန်ဖက်မှ ဟစ်ဇ်ဘိုလာတို့က နယ်စပ်မှနေ၍ အစ္စရေးတို့နှင့် အပြန် အလှန်ပစ်ခတ်နေခဲ့ပြီးနောက် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

      အမေရိကန် သည် ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကို အုပချုပ်နေသော ဟားမတ်စ်ကို အစ္စရေး၏ ပြင်း ပြင်းထန်ထန် တိုက်ခိုက်မှုဖြင့် ဖယ်ရှား နိုင်လိမ့်မည်ဟု မျှော်လင့်ပြီး အစ္စရေး၏ အာရပ် အိမ်နီးချင်း နိုင်ငံများဖြင့် ဂါဇာတွင်း ပြန်လည် တည်ဆောက်ရေး၊ အုပ်ချုပ်ရေး၊ ဂါဇာ လုံခြုံရေး ကဏ္ဍတို့ကို ဆောင်ရွက်ရန် အလိုရှိကြောင်း၊ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးမှ ၎င်းနေရာကို မရရှိမီ ဂါဇာ၏ အနာဂတ်အပေါ် အာရပ်နိုင်ငံများ၏ အမြင်များကို စုစည်းရန် ရည်ရွယ်ထားသည် ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားကြောင်း Time of Israel သတင်း အရ သိရှိရသည်။

#PAN