နမ့်စန်မြို့၌ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၉

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝနိရှိသူများ၊ သက် သေများနှင့်အတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ပိတ်ဆို့ရှာဖွေဆောင်ရွက်စဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ ယာဉ်မောင်း မျိုးသက်ကို၊ ၃၇ နှစ်၊ (ဘ)ဦးသက်နိုင်၊ ၁၃/လလန (နိုင်) ၀၇၀၄၈၆၊ ရှမ်း+အိန္ဒိယ/အစ္စလမ်၊ ရပ်ကွက်(၂)၊ ဂေါ်ရခါး ကျောင်းလမ်း၊ လွိုင်လင်မြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် SHN-17/ EE-2962 (Probox/ ခဲရောင်) မော်တော်ယာဉ်၏ နောက်ခန်းတွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ Happy Water စိတ်ပြောင်း ဆေးဝါးများဟု ယူဆရသော အထုပ်များကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရပါသည်။

      ၎င်းဂျပ်ဖာအား နမ့်စန်မြို့သို့ ဆက်လက်ပို့ဆောင်ရမည်ဖြစ်ကြောင်း ထွက်ဆိုသဖြင့် စိတ်ပြောင်း ဆေးဝါးများ ယူဆောင်မည့်သူအား အသွင်ယူ ဖမ်းဆီးရမိရေးအတွက် ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ယာဉ်မောင်း မျိုးသက်ကို နှင့် မော်တော်ယာဉ်တို့အား အနီးကပ် နောက် ယောင်ခံကာ သက်သေများနှင့်အတူ နမ့်စန်မြို့သို့ လိုက်ပါလာခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် နမ့်စန်မြို့သို့ ရောက်ရှိပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(လွိုင်လင်)မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နမ့်စန်မြို့၊ နမ့်စန်- ခိုလမ်သွားကားလမ်း နမ့်စန်မြို့ အဝင်ဆိုင်းဘုတ် တွင် အသွင်ယူစောင့်ဆိုင်းခဲ့သည်။ ယာဉ်မောင်း မျိုးသက်ကို အား Happy Water များ ရောင်းချ တင်ဆောင်ပေးခိုင်းသူ စိုင်းလုံပိုင်း၊ ၄၁ နှစ်၊ (ဘ) ဦးစိုင်းခမ်းလာ၊ ၁၃/ကတန(နိုင်)၀၉၁၄၁၉၊ ကုန်းကျောင်းရပ်၊ ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့နေသူနှင့် ချိတ်ဆက်ပေးခဲ့သူ မျိုးသက်ကို ၏ ညီဝမ်းကွဲတော်သူ မိုးသက်ကို(ခ) ဘိုင်းဘိုင်း၊ ၂၆ နှစ်၊ (ဘ) ဦးထွေးနိုင်၊ ၁၃/လလန(နိုင်)၁၀၁၉၇၁၊ မွတ် စလင်/အစ္စလာမ်၊ ယာဉ်မောင်း၊ ရပ်ကွက်(၂)၊ ဂေါ်ရခါးကျောင်းလမ်း၊ လွိုင်လင်မြို့နေသူထံသို့ Happy Water ဂျပ်ဖာနှင့်အတူ နမ့်စန်မြို့သို့ ရောက်ရှိကြောင်း ဖုန်းဆက်ပြောဆိုစေခဲ့ရာ စိုင်းလုံပိုင်း မှ မိုးသက်ကို အား ပစ္စည်းလက်ခံမည့်သူ စိုင်းကောရ(ခ)စိုင်းခမ်းမတ်၊ ၂၉ နှစ်၊ (ဘ)ဦးလုံးကန်းထန်၊ ရှမ်း/ဗုဒ္ဓ၊ ကားရောင်းဝယ်၊ ပန်လင်းဆိုင်ရွာ၊ နမ့်စန်မြို့နယ်နေသူ၏ ဖုန်းအမှတ် – ၀၉-၆၆၄၂၇၅၈၉၅ အား မျိုးသက်ကို ထံ ပေးလာသဖြင့် မိုးသက်ကို မှ စိုင်းကောရ(ခ)စိုင်းခမ်းမတ် အား ဖုန်းဆက်၍ Happy Water ဂျပ်ဖာများ လာရောက်ရွေးယူစေခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ချိန်တွင် စိုင်းကောရ(ခ)စိုင်းခမ်းမတ် သည် ယာဉ်အမှတ် MDY-20/4N-3414 (Crown/ခဲရောင်) မော်တော်ယာဉ်ဖြင့် နမ့်စန်မြို့အဝင် ဆိုင်းဘုတ်သို့ ရောက်ရှိလာပြီး ပစ္စည်းဂျပ်ဖာအား လာယူစဉ် စိုင်းကောရ(ခ)စိုင်းခမ်းမတ် အား ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး နယ်မြေလုံခြုံရေးအရ မျိုးသက်ကို နှင့် စိုင်းကောရ(ခ)စိုင်းခမ်းမတ် တို့  (၂)ဦးအား မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် နမ့်စန်မြို့မရဲစခန်းဝန်းအတွင်းသို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ ယာဉ်မောင်း မျိုးသက်ကို မောင်းနှင်သည့် ယာဉ်အမှတ် SHN-17/EE-2962 (Probox /ခဲရောင်) မော်တော်ယာဉ်အား နမ့်စန်းမြို့မရဲစခန်း၌ သက်သေများနှင့်အတူ အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်၏ နောက်ခန်းတွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ King of fruit တံဆိပ်ပါ အဝါရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် စိတ်ပြောင်းဆေးဝါးဟုယူဆရသော Happy Water၊ အလေး ချိန် ၅.၉၅ ကီလိုဂရမ်ခန့်၊ Happy Water ၁ ကီ လိုဂရမ်လျင် ၁၁၀,၀၀၀,၀၀၀ ကျပ် နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၆၅၄၅ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပစ္စည်းလာယူသည့် စိုင်းကောရ (ခ) စိုင်းခမ်းမတ် နှင့် ၎င်းမောင်းနှင်လာသော ယာဉ်အား ဆက်လက်ရှာဖွေရာ ၎င်း၏ ခါးကြားမှ ဘရားဇီးနိုင်ငံထုတ် .38 Special ခြောက်လုံးပြူး သေနတ် (၁)လက်၊ ၎င်းကျည် ၂၃ တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

     ဖြစ်စဉ်နှင့် ပတ်သက်၍ Happy Water များ လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ မျိုးသက်ကို၊ Happy Water များ ဝယ်ယူသူနှင့် လက်နက်ဖြင့် ဖမ်းဆီးရမိသူ စိုင်းကောရ(ခ) စိုင်းခမ်းမတ်၊ Happy Water များ သယ်ဆောင်ရန် ချိတ်ဆက်ပေးသူ မိုးသက်ကို (ခ)ဘိုင်ဘိုင်း၊ Happy Water များ တင်ဆောင် ပေးခဲ့သူ စိုင်းလုံပိုင်း(တိမ်း ရှောင်)တို့အား  ဇန်နဝါရီလ ၇ ရက်တွင် နမ့်စန်မြို့ရဲစခန်း မယ(ပ) ၄/၂၀၂၄၊ မူး/စိတ် – ၁၉(က)/ ၂၁/ ၂၂(ခ) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN