ကရင်ပြည်နယ်၀န်ကြီးချုပ်ဦးစောမြင့်ဦး ကော့ကရိတ် မြို့မှ စစ်ဘေးရှောင် ပြည်သူများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပြီးရင်းရင်းနှီးနှိးအားပေးစကားပြောကြားခြင်း

ဇန်နဝါရီ ၉

ကရင်ပြည်နယ်၀န်ကြီးချုပ်ဦးစောမြင့်ဦးသည် ယနေ့ ညနေ ၄း၀၀အချိန်တွင် ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ကော့ကရိတ်မှဘားအံသို့ယာယီပြောင်းရွှေ့နေထိုင်သူများ(စစ်ဘေးရှောင်) အဖွဲ့များအားဒုတိယအကြိမ် မြောက်တွေ့ဆုံပြီး  အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု တဦးချင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၀န်ကြီးချုပ်သည် တက်ရောက်လာသောကျောင်းသားကျောင်းသူများအား မုန်ဖိုးများ တဦးချင်းစီ ဝေဌပေးပြီး ပညာကို ကြိုးစားသင်ယူကြရန် နှင့် တက်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက် အားပေး စကားပြောကြားခဲ့ပါသည်။

#PAN