ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စံရိပ်ငြိမ်(၆) လမ်းတွင် မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စံရိပ်ငြိမ်(၆)လမ်းတွင် ယနေ့ညနေ ၄နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ညနေ၅ နာရီ အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သတင်းရ ရှိသည်။

#PAN