CIES Football Observatoryက စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားစာရင်းတွင် ဘယ်လင်ဟမ် ထိပ်ဆုံး၌ရပ်တည်

ဇန်နဝါရီ ၈

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် CIES Football Observatory မှ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်ဆုံး ဘောလုံးသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်က ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၅)ဦး စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ (၃)ဦးဖြင့်အများ ဆုံးပါဝင်ခဲ့ကြောင်းသိရပါတယ်။

CIES Football Observatory က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား စာရင်းတွင် ဘယ်လင်ဟမ်က ယူရို ၂၃၀ ဒသမ ၂ သန်းဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် မန်စီးတီးအသင်းမှ ဟာလန်းက ယူရို ၂၁၆ ဒသမ ၃ သန်းဖြင့် အဆင့် (၂)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီးယပ်စ်က ယူရို ၂၁၅ ဒသမ ၅ သန်းဖြင့် အဆင့် (၃)၊ ရိုဒရီဂိုက ယူရို ၂၁၃ ဒသမ ၄ သန်းဖြင့် အဆင့် (၄)၊ အာဆင်နယ်အသင်းမှ ဆာကာက ယူရို ၁၉၂ သန်းဖြင့် အဆင့် (၅)၊ မန်စီးတီးအသင်းမှ ဖိုဒန်က ယူရို ၁၆၈ ဒသမ ၆ သန်းဖြင့် အဆင့် (၆)၊ ဘာစီလိုနာ အသင်းမှ ဂါဗီက ယူရို ၁၅၁ သန်းဖြင့် အဆင့် (၇)၊ မန်စီးတီးအသင်းမှ အယ်ဗာရက်ဇ်က ယူရို ၁၄၁ ဒသမ ၈ သန်းဖြင့် အဆင့် (၈)၊ ဘိုင်ယန်မြူးနစ်အသင်းမှ မူစီလာက ယူရို ၁၃၁ ဒသမ ၂ သန်းဖြင့် အဆင့် (၉) နှင့် အာဆင်နယ်အသင်းမှ အိုဒီဂက်စ်က ယူရို ၁၂၉ ဒသမ ၇ သန်းဖြင့် အဆင့် (၁၀) နေရာတွင် အသီးသီး ရပ်တည်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနှင့် တိုက်စစ်မှူး အမ်ဘတ်ပီ ၏ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန် တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် အဆင့် (၁၀) နေရာ၌ပင် ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

CIES သည် ကစားသမားများ၏ အသက်အရွယ်၊ စွမ်းဆောင်ရည်မှတ်တမ်း၊ အောင်မြင်မှု၊ ပုံရိပ်ကျော်ကြားမှုနှင့် စာချုပ်သက်တမ်းတို့ကို ချိန်ထိုးကာ ယခုကဲ့သို့ ခန့်မှန်းပြောင်းရွှေ့ကြေးများကို တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံး (၁၀)ဦးတွင် လာလီဂါမှ (၄) ဦးဖြင့် ဒုတိယအများဆုံးပါဝင်ခဲ့ကြောင်းသိရပါတယ်။