အိမ်ကွင်း ၅ ဂိုးပြတ်နဲ့ အနိုင်ယူလိုက်တဲ့ မန်စီးတီးအသင်း

ဇန်နဝါရီ ၈

FA ဖလားပွဲစဉ်ရဲ့ တတိယအဆင့်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဟတ်ဒါဖီးလ်အသင်း တိုပွဲစဉ်မှာ မန်စီးတီးအသင်း က ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဖိုဒန် က ၂ ဂိုး၊ အယ်လ်ဗာရက်ဇ်၊ ဘော့ဘ်၊ ဒိုကူ တိုက တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းက နောက်တစ်ဆင့်တက်နိုင်ခဲ့သလို နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိ ထားခဲ့တာလည်း ဖြစ်ပါတယ်။

PAN