ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်PDFဂိတ်များစွာဖွင့်၍ ကား ၁ စီး ၁၀၀၀၀ကျပ်နှုန်းကောက်ခံ

ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ သွားကားလမ်း‌ပေါ် အကြမ်းဖက်PDFအဖွဲ့များက ဂိတ်များစွာဖွင့်၍ ကားများကို အခွန်ကောက်နေကြောင်း ကားသမားများထံမှ သိရှ်ိရပါသည်။

ယင်းမာပင်မြို့နယ် ၊ တည်ပင်ကန်ရွာနောက်ထိပ်တွင် PDFအင်အား ၃၀ ဦးခန့်ရှိသောဂိတ် ၊ အင်ကြင်းတောင်ထိပ် မောက်သရက်ရွာကို သွားသောလမ်းခွဲတွင် PDF အင်အား ၂၀ ဦးခန့်ရှိသောဂိတ် ၊ ဖိုလ်ဝင်တောင် လမ်းခွဲထိပ်တွင် PDF၂၅ဦးခန့်ရှိသောဂိတ် ၊ လည်ငေါက်ရွာအထွက် လမ်းဆုံတွင် PDFအင်အား ၃၀ ဦးခန့်ရှိသောဂိတ်များဖွင့်လစ်၍ ကား ၁ စီးလျှင် ၁၀၀၀၀ ကျပ်နှုန်းကောက်ခံလျှက်ရှိရာ ယင်းမာပင်မြို့နယ်အတွင်းမှာပင် ကား ၁ စီးဖြတ်သန်းမောင်းလျှင် ငွေ ၄၀၀၀၀ ကျပ်ပေးဆောင်နေကြောင်း ၊၎င်းအပြင် ကားပေါ်ပါခရီးသွားပြည်သူများကို ကျည်ဖိုးအလှူခံတာတွေလည်းရှိနေကြောင်း ကားသမားများထံမှ သိရှိရပါသည်။

အဆိုပါဂိတ်များ၏ ကောက်ခံမှုကြောင့် တန်ဆာခနှုန်းကြီးမြင့်ကာ ဒေသခံများအနေဖြင့် နေ့စဉ်အသုံးဆောင်များဝန်ထုတ်ဝန်ဖိုးကြီးမြင့်လာ၍ အဆိုပါဂိတ်များကို နိုင်ငံတော်အနေဖြင့် ရှင်းလင်းပေးစေလိုကြောင်း ပြည်သူများက လိုလားနေကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews