မြန်မာနိုင်ငံမှ ကျေးရွာ ၃ ရွာကို အာဆီယံကျေးရွာ ကွန်ရက် စီမံကိန်း စတင်အကောင်အထည်ဖော်မည်

ဇန်နဝါရီ ၈မြန်မာနိုင်ငံအတွင်း အာဆီယံကျေးရွာကွန်ရက် ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက ကျေးရွာ ၃ ရွာ ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာန ကနေ သိရပါတယ်။ အဆိုပါစီမံကိန်းမှာ နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝများ ဖွံဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကျေးရွာ ၃ ရွာမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ်ရှိ မြင်းကပါကျေးရွာကို Tour Village၊ နေပြည်တော် လယ်ဝေးမြိုနယ်ရှိ သော်မှော်ကုန်းကျေးရွာကို Digital Village၊ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ မြိုနယ်ရှိ အင်းပေါခုံ ကျေးရွာကို One Village One Product လုပ်ငန်းကျေးရွာအဖြစ် သတ်မှတ်လုပ်ဆောင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်မယ့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြိုနယ်ရှိ မြင်းကပါ ကျေးရွာရှိ ဒေသခံပြည်သူများကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်း ဆွေးနွေးပွဲကိုလည်း ဇန်နဝါရီလ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံကျေးရွာကွန်ရက်စီမံကိန်း ဆောင်ရွက်ပေးရခြင်းရဲ့ ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိလာ မယ့် အကျိုးကျေးဇူးများ၊ စီမံကိန်းဖော်ဆောင်ရာတွင် ကျေးရွာပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမယ့် လုပ်ငန်းများ နဲ့တာဝန်များ၊ စီမံကိန်းလုပ်ငန်း ရေရှည်ဖွံဖြိုးတိုးတက် အောင်မြင်စေရေး စီမံကိန်း ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမယ့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

#PAN