“ဗဟိုဘဏ်က ဒေါ်လာ ၁၆ သန်းထုတ်ရောင်း”

ဇန်နဝါရီလ ၆


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၆ သန်းကို ဇန်နဝါရီလ ၅ ရက်က ထုတ်ရောင်းပေးလိုက်တယ်လို့ ကြေညာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်က အမေရိကန်ဒေါ်လာ ၁၃ သန်း နီးပါး ထုတ်ရောင်းခဲ့ပြီး အခုတစ်ကြိမ်ကတော့ ဒီလအတွင်း ဒုတိယအကြိမ်မြောက် ထုတ်ရောင်းပေးတာလည်း ဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာမှာ နိုင်ငံခြားငွေလဲနှုန်းကို သတ်မှတ်ပေးမှာမဟုတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို့လည်း ဒီဇင်ဘာလ ၅ ရက်က ကြေညာထားတာပါ။ ဇန်နဝါရီလ ၅ ရက် နေ့လယ်ပိုင်းမှာတော့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၄၃၀ ကနေ ၃,၄၄၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ စုံစမ်းသိရပါတယ်။
#PAN

Telegram link

https://t.me/positiveanglenews