လေ့ကျင့်မှုပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ ကက်စီမီရိုနှင့် လီဆန်ဒရိုမာတီနက်ဇ်

ဇန်နဝါရီ ၆

မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းထဲမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရို နှင့် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် တို့ ဇန်နဝါရီ ၃ ရက်မှာ လေ့ကျင့်မှုအပြည့်အဝ ပြန်လည်ပြုလုပ်နိုင် ပြီဖြစ်တယ်လို့ သိရပါတယ်။

လီဆန်ဒရိုမာတီနက်ဇ် ဟာ စက်တင်ဘာလကတည်းက အနားယူနေခဲ့ရခြင်းဖြစ်ပြီး ကက်စီမီရို ကတော့ နိုဝင်ဘာလက တည်းက အနားယူနေရခြင်းဖြစ်ပါတယ်။ နှစ်ဦးစလုံးက ယခုလအတွင်း ပြန်ကစားပေးနိုင်ရန် မျှော်လင့် နေပေမယ့် ကက်စီမီရို က ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ရောက်ရှိနိုင်ကြောင်း သတင်းထွက်နေပါတယ်။

PAN