“ရေယာဉ်များပေါ်မှာ ကုန်စည်များကို သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်း မပြုလုပ်ကြရန် နှိုးဆော်ထား”

ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မန္တလေးဆိပ်ကမ်းမှ တင်ပို့ရတဲ့ ယခုကုန်စည်များပြားလာခြင်းကြောင့် ရေယာဉ်များပေါ်မှာ ကုန်စည်များကို သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှု များ မပြုလုပ်ကြရန် လိုအပ်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
ကုန်စည်များကို တင်ဆောင်ရာမှာ ရေယာဉ်ရဲ့အရွယ်အစားနှင့်မချိန်ညှိဘဲ တင်ဆောင်ပါက မြစ်အတွင်း သွားလာရာမှာ ရေယာဉ်များ အန္တရာယ်ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ ယခုလက်ရှိ ဧရာဝတီမြစ်ရေ နည်းချိန်ကာလ ဖြစ်တာကြောင့် မန္တလေးဆိပ်ကမ်းမှ သွားလာကြမယ့် ရေယာဉ်များအနေနဲ့အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ရေပေါ်၊ ကမ်းပေါ်မှာ စိုက်ထူပြသပေးထားတဲ့ ရေလမ်းညွှန် အမှတ်အသားများကို အထူးဂရုပြုသွားလာကြရန် လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ သတိပေးနှိုးဆော်ထား ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews