နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေး ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏အမာခံဖြစ် သကဲ့သို ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လို

ဇန်နဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသည်။ အဆိုပါတွေ့ဆုံပွဲသို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေး အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသိုတွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတိုအနေဖြင့် ဖွဲစည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေထမ်းဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာ ရင်းမှားယွင်းမှုများမှာ မည်သိုမျှလက်ခံ၍မရကြောင်း၊ ထိုကြောင့် မိမိတိုအနေဖြင့်နိုင်ငံတော်အား အရေးပေါ်အခြေ အနေ ကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတိုအစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော်တာဝန်များပြန်လည် လွှပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သိုသော် နိုင်ငံရေးအရဖြစ် ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော် အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတိုနိုင်ငံ၌ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွား လျက်ရှိပြီး နိုင်ငံ၏စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့် အချိန်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတိုအနေဖြင့် ကိုဗစ် – ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိမိကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော်လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချိုနေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက် ရှိဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်ပူးပေါင်း၍ ပြည်သူလူထု၏အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲစည်းပုံအခြေခံဥပဒေ(၂ဝဝ၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာ ဝန်အား လွှအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက်ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတိုအနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ကြောင်း။

လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်သူများဖြစ်သည်ဟု ယုံကြည် ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထိုပြင် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး အတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတိုနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ ၇၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိလွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှု ရှိသည့်နိုင်ငံများရှိသကဲ့သို တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတိုနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်း မှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန် အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ် လာ သည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုးမှု များရှိသကဲ့သို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်း ချက်များကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ်ဆောင်ရွက်ထားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးမျှော်မှန်း ချက်၊ အမျိုးသားရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME) လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို ဆောင်ရွက် ရာတွင် လည်း ပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်များအား လုံး ပညာသင်နိုင်ရေး၊ အလုပ်လုပ်နိုင်သူများ အားလုံးအလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာသင်ကြားနိုင် သည့် အရွယ်တွင်ပညာသင်ကြားနိုင်မည်ဆိုပါက အသိပညာ၊ အတတ်ပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပါတီဝင် များအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားရမည့်အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း။

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတိုဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ် ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတိုအနေဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်း သည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ကြောင်း၊ ထိုသိုဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲများနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသိုပြင် ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင် အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတိုအနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ် သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်တိုင်း ပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လို ကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်ကောင်းရာကောင်းကျိုး အတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက်လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင် ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ်ငန်းများ တိုးတက် အောင်မြင်စေရေးပါတီများမှ ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင်ပါတီများမှ ပါဝင်အား ဖြည့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက်ဖြစ် ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်း ကမ်းသတ်မှတ်ချက်များအနက် အချိုသောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာဖြစ်ပေါ်လာရေးတိုအတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပြုပေး စေလိုမှု၊ ဒေသအလိုက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများဖွင့်လှစ်ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ သန်းခေါင်စာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့် သည့် ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုးမှ မရှိစေရေး နိုင်ငံတော်မှ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုများကို အသီးသီးဆွေးနွေးပြောကြားကြသည်။

ထိုနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့မှုအခြေအနေများ၊ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့်အချို ပါတီများကို ဖျက်သိမ်းခဲ့မှုအခြေအနေများ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး ပါတီများအနေဖြင့်လည်း ဥပဒေသတ်မှတ်ချက်များ ပြည့်မီစေရေး ဆောင်ရွက်ရန်လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာ အကြံပေး အဖွဲ့ဝင်ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံ့စီးပွားရေး နှင့်ပတ်သက်၍ အနည်းငယ်ပြောကြားလိုကြောင်း၊ မိမိတိုနိုင်ငံတွင် ခေတ်အဆက်ဆက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှု မရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရှိအောင် တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတိုအစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိခဲ့မှုမရှိသည့်အပြင် စီးပွားရေးအရ ပိတ်ဆိုအရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထိုကြောင့် မိမိတိုအနေဖြင့် ပိုကုန်မှရရှိသည့် ငွေကြေး များဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများအပြားသုံးစွဲနေရကြောင်း၊ ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးနိုင်ရေးအတွက် မိမိတိုနိုင်ငံ၏ ရငွေဘက်ဂျက်အပေါ်တွင် မူတည်၍ မိမိတိုအနေဖြင့် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီးမြှင့်ငွေများကို ဆောင်ရွက်ပေးထားကြောင်း။

နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချိုသော တောင်းဆိုမှုများကို ရေရှည်အတွက်စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီတစ် ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့် အလေးထား မှတ်သားထားရှိပြီးလုပ်ဆောင်ပေးနိုင်သည်များကို လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများ အားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ ညီညီညွတ် ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတိုအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

PAN