ငွေတောင်ကမ်းခြေကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများစိတ်ဝင်စားမှု များပြားလာ

ဇန်နဝါရီ ၅

ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်း ကျေးရွာ အနီးရှိ ငွေတောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄,၂၅၅ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတော မြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ငွေတောင်ကမ်းခြေသို့ ပြည်တွင်း၊ပြည်ပခရီးသွား ၃ဝ,၅၅၄ ဦး လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

လာရောက်လည်ပတ် အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ခရစ္စမတ်ပိတ်ရက်၊ ဒီဇင်ဘာပိတ်ရက် စသည့် ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်ကာလများတွင် အများဆုံးလာရောက်ခဲ့ကြောင်း နှင့် လာမဲ့နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အခုထက် ခရီးသွားဧည့်သည်တွေ ပိုမို လာရောက် လိမ့်မယ်လို့ ခန့်မှန်းထားဟု ငပုတောမြို့နယ်က ခရီးသွားလုပ်ငန်းအသင်း တာဝန်ခံ က ပြောကြားခဲ့ပါတယ်။

#PAN

https://t.me/positiveanglenews