သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ မကြေပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ထိုးသတ်မည်

ဇန်နဝါရီ ၅

ကမ္ဘာ့အဆင့်မီ နိုင်ငံတကာရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲ The Great Lethwei (TGL) ပြိုင်ပွဲကြီးတွင် သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ ဒုတိယအကြိမ် ထပ်မံ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်မှုကို အလဲထိုးစနစ်ဖြင့်ကျင်းပမည်ဖြစ်ပါတယ်။

The Great Lethwei (TGL) ပြိုင်ပွဲကို ဇန်နဝါရီ (၂၈)ရက် ညနေ(၃)နာရီ တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပြီး၊ အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီး၊ ငါးချီ ထိုးသတ်မှုတွင် ပူးတွဲသရေကျခဲ့ပါတယ်။